Sunday, June 26, 2022

for IDPs and PDf

အိမ်ပြန်ချင်တဲ့ အကြောင်းတွေ


တစ်ရက်တစ်ရက် ပင်ပန်းလာတယ်...

ဒီသေနတ်သံတွေ ဒီ မမ ကသံတွေကို ငြီးငွေ့လာတယ်...


​စိတ်ပြေလက်ပျောက် ဆေးလိပ်ကိုက်ထားလဲ မျက်လုံးကိုမီးခိုးငွေ့ရိုက်တာရယ် နဲ့ ရောဂါတိုးလာတာလေးဘဲရှိတယ်...

ကျွန်တော် ဆေးလိပ်သောက်နေတာကို အမေသိရင် ဝမ်းနည်းမှာအမှန်ဘဲဗျ...


ကျွန်တော် အမေနဲ့ဖုန်းပြောတိုင်း "သား ဘယ်ချိန်ပြန်လာမှာလဲ အမေ သားရဲ့ အခန်းရှင်းထားတယ်" တစ်ခါတစ်လေကျတော့လဲ "သားကိုကြိုဖို့ အမေ သပြေခက်လေးစိုက်ထားတာ တော်တော် အရွယ်ရောက်နေပြီ" ဆိုပြီး စနောက်တတ်သေးတယ်ဗျ။ 


ဒီခရီး ဒီပန်းတိုင်ဟာ လွယ်လွယ်နဲ့မရောက်နိုင်တာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အမေ မသိခဲ့ဘူး။ 


ဒါတွေအားလုံးပြီးသွားရင် ဂန်း ကိုင်ခဲ့တဲ့ လက်တွေနဲ့ အမေ့ကို ပြေးဖက်ပစ်မယ်... 


ကျွန်တော်တို့ အောင်ပွဲရတဲ့ အထိ အမေကျန်းကျန်းမာမာရှိနေပေးပါ။ 


#Welvin (Karenni Guys)

37 comments:

  1. ..ခေတ်ဆိုးစနစ်ဆိုးထဲမှာမွေးဖွားလာတယ်.

    ..ဟိုးအနာဂတ်အတွက်တွေးပြီပူမနေတော့ဘူး.ပြီးခဲ့တဲ့အတိတ်နေ့ရက်တွက်လဲနောင်တမရချင်တော့ဘူ..

    ..နက်ဖြန်အတွက်သေချာတဲ့အနာဂတ်ဘယ်သူဆီမှရှိမနေဘူး..

    -ဒီနေ့ကငါတို့အတွက်အကောင်းဆုံးနေ့ပဲ..

    ..သေချာတာထက်ပိုသေချာတဲ့အလုပ်တစ်ခုကိုဆွဲမြဲလုပ်နေတယ်..

    ..ယုံကြည်တာထက်ပိုယုံကြည်ရသူတွေနဲ့လက်တွဲလုပ်နေတယ်..

    ..အနာဂတ်ဟာ တောက်ပနေလားမှေးမှိန်သွားမလားမတွေးဖြစ်ဘူး..

    ...ကြွေသွားတဲ့ကြယ်တွေကိုအာနာလို့....

    .. I was born into a bad time bad system..

    ..I no longer worry about the future, and I do not want to regret the days that have passed..

    ..No one has a secure future for tomorrow..

    ..Today has been a wonderful day for us..

    ..I choose to do more specific tasks..

    ..I working with people I trust more than I believe ..

    ..I do not think the future is bright or gloomy..

    .. Empathy for pain upset of the falling stars..

    ............❤Htet.............

    ReplyDelete
  2. Take care ပါရှင် လုပ်နိုင်တာအားလုံးကြိုးစားပေးနေပါတယ် အမေလဲ ကျန်းမာပါစေ🙏🙏🙏

    ReplyDelete
  3. ဘေးကင်းကြပါစေ

    ReplyDelete
  4. ဘေးကင်းကျန်းမာစွာနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေ

    ReplyDelete
  5. အောင်မြင်ပါစေ

    ReplyDelete
  6. ဘေးကင်းစွာ အိမ်ပြန်လာကြမယ့် နေ့ရက်ကို မျှော်လင့်လျက်....

    ReplyDelete
    Replies
    1. "Kyan daw ko thar that like par dot"
      Wan nal dal,sate ma kg phyit tal,daw tha twart tal.
      Ma ngo bal myat yay kya ya dal.

      Delete
    2. ဟုတ်တယ် Phoe Say
      ပြောစရာစကားတောင်မရှိ
      ပိုကလစ်ကြမယ် ✊

      Delete
  7. June 27 Click ♥

    ReplyDelete
  8. အောင်ပွဲနဲ့အတူအမြန်ဆုံးပြန်နိုင်ပါစေ🙏

    ReplyDelete
  9. ကျန်းမာဘေးကင်းပါစေ ကလေးရေ

    ReplyDelete
  10. အောင်ပွဲကို ဆွတ်ခူးပြီး မိသားစုနဲ့ အမြန်ပြန်ဆုံနိုင်ပါစေ။

    ReplyDelete
  11. ငါတို့မလုပ်တော့ဘူးလို့တွေးရင်အသက်ပေးခဲ့တဲ့သူတွေကိုသတိရမိတယ် အသက်ရှိသရွေ့တော့ရတဲ့ဘက်ကတော်လှန်မယ်

    ReplyDelete
  12. ကျ​နော်တို့ ​အောင်ပွဲရသည်ထိ အားလုံး ကျန်းကျန်းမာမာ ရှိ​နေ​ပေးကြပါ
    စိတ်​ရော လူ​ရော

    ReplyDelete
  13. အနာဂတ်ဆိုတာ
    အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
    ငါ ဘယ်တုန်းကမှ
    တကယ်မပျော်ရွှင်ခဲ့ပါ
    ငါလည်း စစ်လျော်ကြေး
    ရလိုပါတယ်။

    -အောင်ချိမ့်-

    ReplyDelete

For IDPs and PDFs

 ကျေးဇူးအထူးပါခင်ဗျာ။