ထူးဆန်းသည့်ဓလေ့ (An Awkward Ritual)
လူမျိုးတစ်မျိုးရဲ့ ရှေးအယူအဆတွေက အော်ဂလီဆန်လောက်တဲ့အထိ ထူးဆန်းအံ့ဩစရာကောင်းတတ်တာကို ကျွန်တော်တို့ ဇာတ်ကားတွေထဲမှာ ကြုံတွေ့ဖူးကြပါတယ်။ ယဇ်ပူဇော်တာတို့၊ မိန်းကလေးရဲ့ ရာသီသွေးကို ရေထဲထည့်သောက်တာတို့ စသဖြင့်ပေါ့။ ကျွန်တော်တို့ ကရင်နီပြည်က လူမျိုးတွေမှာလည်း ထူးဆန်းတဲ့ ဓလေ့တွေရှိပါတယ်။ ဥပမာအားဖြင့် အီဒက်ချိတ်ထားရင် မကောင်းဆိုးဝါးတွေ မလာဘူးဆိုတာလိုမျိုးပေါ့။ (အီဒတ်အကြောင်း ရေးထားတဲ့ စာကို ဝက်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်။) နောက်ထပ် ထူးဆန်းတာဆိုရင် တချို့ရွာတွေမှာ ကျွန်တော်တို့က သွားရင်းလာရင်း ကြက်တစ်ကောင်ကို ကား သို့မဟုတ် အခြားယာဉ်တစ်ခုခုနဲ့ တိုက်မိလို့ ကြက်သေဆုံးသွားခဲ့ရင် အဲ့ဒီကြက်ရဲ့ ဆွေ ၇ ဆက်၊ မျိုး ၇ ဆက် လျော်ပေးရတဲ့ ဓလေ့လည်းရှိပြန်တယ်။ ထူးဆန်းပေစွ။
ဒါတွေထက်ပိုဆိုးတဲ့ ကျွန်တော်ကြားဖူးသမျှ ကရင်နီပြည်က ဓလေ့တွေထဲမှာ အထူးဆန်းဆုံးကတော့ "ရွာဆေးရတဲ့ ဓလေ့" ဖြစ်ပါတယ်။ ဒီဓလေ့က ဘယ်လိုမျိုးလဲဆိုရင် သမီးရည်းစားနှစ်ယောက်၊ လက်မထပ်သေးဘဲ အတူနေကြတယ် ဆိုပါတော့ဗျာ။ မှားယွင်းပြီးဖြစ်စေ၊ နှစ်ဦးသဘောတူဖြစ်စေ အတူနေပြီးသွားရင် နေပြီးသွားကြောင်း လူကြီးတွေကို ပြောပြရတယ်။ အဲ့ဒီအခါ အတူနေခဲ့တဲ့ စုံတွဲရဲ့ မိသားစု၊ ဆွေမျိုးတွေ အဆိုးတရားတွေနဲ့ မကြုံကြိုက်ရလေအောင် ရွာဆေးရပါတယ်။ ကြက်ဖိုကြက်မတစ်စုံကို သတ်စားခြင်း၊ သို့မဟုတ် ကလေးမွေးဖူးတဲ့ ဝက်မတစ်ကောင်ကို သတ်ခြင်းဖြင့် ဆေးလေ့ရှိကြပါတယ်။ အဲ့ဒီလို ကြက်ဖိုကြက်မ သို့မဟုတ် ဝက်နဲ့ဆေးတဲ့အခါ ကျူးလွန်ထားတဲ့သူက အဲ့ဒီအသားကို စားလို့မရပါဘူး။
ဘယ်လောက်တောင် ကသိကအောင့်ဖြစ်စေတဲ့ ဓလေ့ကြီးပါလဲ။ သေချာတာကတော့ ကိုယ့်ချစ်သူနဲ့ မထင်မှတ်ဘဲ ဖြစ်သွားရင်တောင် လူသိရှင်ကြားပွဲလုပ်ပြီး "ဆေး" ဖို့မပြောနဲ့ အိမ်က လူကြီးတွေကိုတောင် မပြောချင်ဘူးလေ။ ကရင်နီက ဓလေ့ကတော့ လူကြီးတွေသိအောင်ပြောပြရရုံတင်မက လူသိရှင်ကြား "ဆေးကြောပွဲ"ကြီး လုပ်ရသေးတာဗျ။ မထူးဆန်းပေဘူးလား။ မလုပ်ရင်လည်း ကိုယ်တင်မက မိသားစုပါ ခိုက်မယ်ဆိုတော့ လုပ်ကြတာပါပဲ။
First
ReplyDeleteရိုးရာဓလေ့တွေကတော့ လိုက်မမှီတော့ပါဘူးဗျာ
ReplyDeleteမမှီရင် ကားစီးပြီးလိုက်ပါ 🤪
DeleteThis comment has been removed by the author.
ReplyDeleteလိုက်မနေတော့ပါဘူးဗျာ
Deleteစတာပါဗျာ ဆီဈေးကြီးတယ်လေနော်
DeleteHa haaaa
Delete😅😅😅
Delete🤍🧡💙💜💚💛❤🤎💖💘💝
ReplyDelete🌈🌈🌈🌈🌈
Deleteနေသိပ်မကောင်းချင်ဘူးဗျာပင်ပန်းလွန်းလို့
ReplyDeleteတိတ်ကဲပါ ချိမရေ
Deleteကျေးဇူးပါချင့်နှစ်ယောက်လုံး အပြင်မှာလဲ တိုင်မာဗုံးမိ အထဲမှာလဲ reply ပြန်မရအောင်ဂူးဂူးကရစ် ကံဆိုးလိုက်တဲ့ဘဝမောင့်ကိုပဲချစ်တော့မယ် ဆိုင်လားတော့သိဘူး ဒီတသက်မျက်ခွက်ပြောင်တာလဲသေမှရပ်မယ်ထင်ရ အမှတ်ကိုမရှိ
Deleteခန မင်မင်ကဘလိုလုပ်ပါလာ🤔
Deleteဆက်သာပြောင်အမ I stand with you ပါ
Deleteအမငီး ဘိုလိုရီးတေဘာလိမ့် မျောက်စိလုံးတောင်ပြူးတယ်👀👀
ReplyDeleteကော်ပီမယ်နော်မင်မင်
ReplyDeleteမိတ်ဆွေတို့အားလုံးဂရုစိုက်ပါခင်ဗျာ
ReplyDeleteခုမှ ကြားဖူးတယ်
ReplyDeleteထူးဆန်းသည့်ဓလေ့
Delete👫
ReplyDeleteDone
ReplyDeleteအထူအဆန်းတွေပါလား🌹💙
ReplyDelete😁
ReplyDeleteအဲ့ဓလေ့အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးသလိုပဲ
ReplyDeleteဘယ်စာအုပ်လဲ မမှတ်မိတော့ဘူး
တချို့ဓလေ့တွေ ရှေးအယူအဆတွေက တော်တော့်ကို ထူးဆန်းတယ်
ကျနော်ဖတ်ရတဲ့တစ်ခုကို တော်တော့်ကို ထူးဆန်းတော့ တော်တော်လည်း အံ့သြပြီး ရယ်လဲရယ်ချင်တယ် 😁😁😁
💐🌹💐
ReplyDeleteနောက်ထပ်ထူးထူးဆန်းဆန်း ဓလေ့တစ်ခုထပ်သိလိုက်ရတာပေါ့။😁
ReplyDeleteဒီနေ့ေ တာ့ ဥပုလ်ေ စာင့်ရင်း Click တာပါခင် ဗျာ
ReplyDeleteြ ပ ု သမျှကု သိုလ် မှန ်သမျှ
ကျ ဆံ ုး သွား ခဲ့ြ က တဲ့ သူရဲေ ကာင်း ေ တွ အား လံ ုးကို အ မျှေ ပး ပါတယ်
ထပ်တူရြ က ပါေ စ 🥺💖
WHEEL..............DOPE.🏹🏹🏹
ReplyDeleteDone
ReplyDeleteThis comment has been removed by the author.
Deleteကယားဝတ်အူချောင်းထဲထည့်တဲ့ အသီးလားအပင်လားမသိဘူး အနံ့နည်းနည်းပြင်းတယ် အဲဒီအကြောင်း website မှာတင်ပါလား
ReplyDeleteမက်ခေါက်သီး လား
Delete☃️
ReplyDelete🤔
ReplyDeleteထားပါတော့ ကြက်ဖိုကြက်မနဲ့ဆေးရင် တစ်သက်လုံးကြက်သားမစားရတော့ဘူးပေါ့
Deleteညီမကအသားတွေထဲမှာ ကြက်သားပဲစားလို့ရတာ ညီမသာဆိုလို့ကတော့တော်တော်ဒုက္ခရောက်မှာပဲ🥲
Deleteအာ့ဆွင် ဝက်နဲ့ဆေးပေါ့ 🤓
DeleteWow
ReplyDeleteWow...
ReplyDeleteWow
ReplyDelete💜🤍💛💙❤💚🧡🤎💖💘💝
ReplyDeleteDone
ReplyDeleteအခုမှသိတာ
ReplyDelete🌹
ReplyDelete😯😯😯
ReplyDeleteငါ ပြုံးနိုင်တယ်ဆိုတာ
ReplyDeleteသင်ယူလေ့ကျင့်ထားတာမျိုးပါ
မင်း ထင်သလို
ပန်းတွေချည်းပွင့်နေလို မဟုတ်ရပါ.... ။
➣မြကျေး
😁😁
ReplyDelete