ပင်းတယက ပုန်းတလုတ်ရေကန်နှင့် ကရင်နီက ကန်ခုနစ်ဆင့်
ကျွန်တော်တို့ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေထဲမှာ နတ်သမီး ၇ ဖော်က ရေကစားတာကို ချောင်းကြည့်တဲ့ မင်းသားလေးနဲ့ နတ်သမီး ၇ ဖော်ထဲက အငယ်ဆုံး နတ်သမီးလေးတို့ရဲ့ အချစ်ဇာတ်လမ်းဟာ မပါမဖြစ်သော အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ကယားပြည်နယ်က လူတွေကတော့ ဒါဟာ ကန်ခုနှစ်ဆင့်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုစမှတ်ပြုကြတယ်။ သို့သော် အလားတူ ဇာတ်လမ်းဟာ ပင်းတယ (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)က ပုန်းတလုတ်ရေကန်မှာလည်း ခပ်ဆင်ဆင်တူတဲ့ ဇာတ်လမ်းမျိုးရှိနေတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော့် စိတ်ထဲမှာ ဒွိဟပွားလာတာက ဒီဇာတ်လမ်းဟာ ကန်ခုနှစ်ဆင့်က ဇာတ်လမ်းလား၊ ပုန်းတလုတ်ရေကန်က ဇာတ်လမ်းလားဆိုပြီးတော့ တွေးမိလာပါတယ်။ ကျွန်တော့်လိုပဲ အချို့လူတွေလည်း တွေးမိလိမ့်မယ်လို့ ထင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီပုစ္ဆာကို အလုံးစုံမဟုတ်ရင်တောင် အနည်းအကျဉ်း အဖြေရှာဖို့ ကြိုးစားသွားပါမယ်။
အရင်ဆုံး ဇာတ်လမ်းလေးကို အကျဉ်းချုံးပြောကြည့်ရအောင်။ ဇာတ်လမ်းကတော့ အယုဒ္ဓယကနေ ပညာသင်ပြီး ပြန်လာတဲ့ သုဓနုမင်းသားဟာ လမ်းခုလတ်က ရေကန်မှာ ရေဆင်းသောက်တုန်း အမျိုးသမီးအသံကြားတာနဲ့ ချောင်းကြည့်တော့ နတ်သမီး ၇ ဖော်ရေချိုးနေတာကို တွေ့ရတယ်။ အဲ့ဒီမှာ မင်းသားဟာ နတ်သမီးတွေထဲက အငယ်ဆုံး နတ်သမီးလေး မနော်ဟရီကို မေတ္တာသက်ဝင်မိပြီး ဝတ်စုံတစ်စုံကို ဖွက်ထားရာ မနော်ဟရီက နတ်ပြည်ကို ပြန်လို့မရတော့ဘဲ မင်းသားလေးနဲ့ အတူနေရပါတော့တယ်။ တစ်နေ့ကျတော့ မနော်ဟရီက မင်းသားရဲ့ မြှားထည့်တဲ့ ကျည်တောက်ထဲမှာ သူ့ရဲ့ အင်္ကျီကို မြင်တာနဲ့ပဲ မင်းသားကို ချစ်သော်လည်း မိဘနှစ်ပါးနဲ့ အစ်မတွေကို လွမ်းတာကြောင့် နတ်ပြည်ကို ပျံတက်သွားခဲ့ပါတယ်။ မင်းသားလေးဟာ နတ်သမီးလေးနဲ့ မခွဲနိုင်တာကြောင့် ငွေတောင်ပြည်ကို ရအောင် လိုက်သွားပြီး နတ်သမီးနဲ့အတူ နေရဖို့ လုပ်ပါတော့တယ်။ နတ်သမီးလေးရဲ့ ခမည်းတော်ဟာ မင်းသားကို စမ်းသပ်လိုတာကြောင့် သမီးတော် ၇ ပါးရဲ့ လက်ညှိုးတွေကိုပဲ ထုတ်ထားပြီး ကြင်ယာတော် မင်းသမီးရဲ့ လက်ညှိုးကို ရွေးစေရာ မင်းသမီးကလည်း လက်ညှိုးမှာ မင်းသားပေးဖူးတဲ့ လက်စွပ်ကို စွပ်ထားလိုက်ရာကနေ အမှန်ရွေးမိပြီး အဆုံးတိုင်အတူပေါင်းဖက်ကြပါတော့တယ်။ ဒါဟာ ကယားမှာ ကြားဖူးနေကြဇာတ်လမ်းပါ။
ပင်းတယက ဇာတ်လမ်းကို သွားကြည့်ရအောင်။ ပင်းတယဇာတ်လမ်းမှာတော့ ဗာရာပြည်က ကုမ္မဘယ မင်းသားဟာ အရွယ်ရောက်သော်လည်း ကြင်ယာဘက်မရှိတာကြောင့် သထုံပြည်သို့သွားကာ သထုံမင်းသမီးနှင့် ပေါင်းဖက်လေ၏။ သို့သော်လည်း ဖူးစာကုန်သောအခါ ဗာရာပြည်သို့ ပြန်လာရင်း လမ်းခုလတ်တွင် ဂူတစ်ဂူ၌ နတ်သမီးများ၏ အော်သံကို ကြားလေသည်။ နတ်သမီးများမှာ ယမန်နေ့က ပုန်းတလုတ်ရေကန်တွင် ရေကစားရင်း မိုးချုပ်သွားသောကြောင့် ပင်းတယလှိုဏ်ဂူအတွင်း အိပ်စက်ရာ ဧရာမပင့်ကူကြီးက ဂူဝကို ပင့်ကူချည်မျှင်များဖြင့် ပိတ်ထားသောကြောင့် အော်ဟစ်နေခြင်းဖြစ်သည်။ ပင့်ကူချည်မျှင်များကို ဖယ်ကာ ပင့်ကူအားလည်း မြှားဖြင့်ပစ်ကာ အဆုံးစီရင်လိုက်သည့်နောက် နတ်သမီးများက ညီမအငယ်ဆုံးဖြစ်သော ရှင်မိယာအား ကုမ္မဘယမင်းသားနှင့် ထိမ်းမြားပေးခဲ့သည်။ မင်းသားနှင့် ရှင်မိယာတို့လည်း ဗာရာပြည်သို့ပြန်ခဲ့သည်။ ဗာရာပြည်သို့ ရှင်မိယာရောက်သည်နှင့် ဗာရာပြည်သည် ၉၆ ပါးသော ရောဂါတို့နှင့် ကင်းဝေးသောကြောင့် ဆေးဆရာပရောဟိတ်များက မနာလိုဖြစ်ကာ မင်းကြီးအား ချောက်တွန်းကြသည်။ မင်းကြီးလည်း မင်းသားကို စစ်ပွဲသို့ စေလွှတ်ပြီး ရှင်မိယာကို ယဇ်ပူဇော်ရန် ပြင်သည်ကို ရှင်မိယာသိသော် နတ်ပြည်သို့ ပြန်လေ၏။ မင်းသားလည်း စစ်ပွဲမှ ပြန်လာသော် အကြောင်းစုံကို သိလေလျှင် ငှက်ဆင်ကြီး တစ်ကောင်၏ အတောင်တွင် ခိုကပ်ကာ နတ်ပြည်သို့ လိုက်ခဲ့ပြီး လူ့ပြည်မှ လူနံ့တို့ကပ်ပါလာသည့် ရှင်မိယာအား ရေချိုးပေးရန် ရေလာခပ်သော အစ်မတော်များနှင့် တွေ့သော် သူ၏ လက်စွပ်ကို ရေပုံးထဲ မသိမသာထည့်ခဲ့လိုက်သည်။ ရေချိုးရင်းက လက်စွပ်ကိုမြင်လျှင် ရှင်မိယာသည် မင်းသားရောက်နေမှန်း သိပြီး ခမည်းတော်ကို လျှောက်တင်လေ၏။ ခမည်းတော်ကလည်း မင်းသားအား သမီးတော်များ၏ လက်ညှိုးများအနက် ရှင်မိယာ၏ လက်ညှိုးကို ရွေးခိုင်းသော် အခက်ကြုံနေသော မင်းသား၏ အဖြစ်ကို သိကြားမင်းက မြင်ပြီး ရှင်မိယာ၏ လက်ညှိုးပေါ်တွင် ယင်ကောင်အဖြစ်နှင့် နားသဖြင့် မင်းသားလည်း အဖြေမှန်ရွေးနိုင်ခဲ့သည်။ ဤသည်မှာ ပင်းတယမှ ဇာတ်လမ်းဖြစ်သည်။
ဇာတ်လမ်းနှစ်ခုကိုကြည့်လျှင် အကြောင်းအရာမှာ ခပ်ဆင်ဆင်တူသည်ကို တွေ့ရမည်။ ပါးစပ်ရာဇဝင် ဖြစ်၍ အနည်းငယ် ကွဲလွဲမှုများသာ ရှိသည်။ အချက်အလက်များအား သုံးသပ်ကြည့်ကြပါစို့။
ပထမအချက်မှာ အမည်နာမ ကွဲပြားမှုဖြစ်သည်။ သို့သော်ဤသည်မှာအကြောင်းမဟုတ်ဟု ယူဆပါမည်။ နေရာများကို ကြည့်သော် မင်းသား၏ ပထမအိမ်ထောင်သည် သထုံပြည်မှ မင်းသမီးဖြစ်သည်။ သထုံမှာ မွန်ပြည်မှ သထုံမဟုတ်ဘဲ ရှမ်းပြည်တောင်ပိုင်းနှင့် ကယားနယ်စပ်ရှိ ဆီဆိုင်မြို့မှ သထုံရွာဖြစ်သည်ဟု ပင်းတယသမိုင်းတွင် ဖော်ပြသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် အဖြစ်အပျက်သည် ရှမ်းကယားနယ်စပ်တွင် ဖြစ်ပွားခဲ့မှန်း ထင်ရှားသည်။ တစ်ဖန် ပင်းတယသမိုင်းထဲမှာပင် ရှင်မိယာနေသော နတ်ပြည်ကို ငွေတောင်ပြည်ဟု အမည်သမုတ်ထားလေရာ ရှင်မိယာသည် ယခင်က ငွေတောင်ပြည်ဟု ခေါ်ခဲ့ကြသော ကယားပြည်မှ နတ်သမီးဖြစ်ဟန်တူသည်။ ဆိုပါလျှင် ဤအဖြစ်အပျက် များကို ချင့်ကြည့်သော် ကယားပြည်မှ ကန်ခုနှစ်ဆင့်မှာ ငွေတောင်ပြည်မှ နတ်သမီး ၇ ဖော်တို့ ရေကစားရာ ရေကန်များဖြစ်ပြီး တစ်နေ့တစ်၌ ရှမ်းပြည်မှ ပုန်းတလုတ်ကန်တွင် ရေသွားကစားရင်းဖြင့် မင်းသားနှင့် တွေ့လာခြင်းဖြစ်သည်။ ဆိုပါလျှင်မူ ပင်းတယမှ သမိုင်းသည်လည်း မှန်ကန်၍ ကရင်နီမှ ပါးစပ်ရာဇဝင်သည်လည်း အမှန်ဖြစ်ခဲ့ဟန်တူသည်။ သို့သော် ပါးစပ်ရာဇဝင်ဟူသည့်အတိုင်း ချဲ့ကားပြောဆိုခြင်းများ ပါတတ်လေရာ အချို့သော အကြောင်းအရာများမတူခြင်းဖြစ်သည်။
ဤသို့ဆိုလျှင် မူရင်းမေးခွန်းများဖြစ်သည့် နတ်သမီး ၇ ဖော်ဇာတ်လမ်းသည် ကယားမှ ဇာတ်လမ်းလား၊ ပင်းတယမှ ဇာတ်လမ်းပေလားဟူသည့် အမေးကို ဖြေရသော် နှစ်ခုလုံးတွင် ဖြစ်ခဲ့သည့် ဇာတ်လမ်း ဖြစ်သည်။ ဤဆောင်းပါးကို ဖတ်ခြင်းဖြင့် စိတ်ထဲမှ ဒွိဟအနည်းငယ်ရှင်းသွားရန် မျှော်လင့်ပါသည်။
ကန်ခုနှစ်ဆင့်သည် ဒီမောဆိုမြို့နယ်တွင်တည်ရှိပြီး ဒီမောဆိုစျေး၊ ငွေတောင်ဆည်တို့မှ ဆက်သွားလျှင် ၁၀ မိနစ်ခန့်သာကြာသောကြောင့် ဒိမောဆိုရောက်ဖြစ်လျှင် သွားရောက်လည်ပတ်သင့်သော နေရာဖြစ်သည်။
(မှတ်ချက်။ ။ သုံးသပ်ချက်မှာ စာရေးသူ၏ အတွေးများသာဖြစ်ပြီး မှားယွင်းနိုင်ပါသည်။ ပင်းတယသမိုင်းကို သီလဝပြုစုသော ပင်းတယမြေမှ ကုမ္မာဘယရှင်မိယာ သမိုင်းပုံဝတ္ထုမှ ကိုးကားပါသည်။)
Admin ကလဲ Web ဝင်ခိုင်းလိုက် click ခိုင်းလိုက်နဲ့ မောင်းချက်က
ReplyDeletec2d ကမင်မင်လောက်မမောင်းပါဘူး ကလစ်ရော app ရော youtube ရော အပြင် website ပါသွားရတာနော် app ဆို 2 ခုတောင်
Deleteနောက်တာပါဗျာ
Deleteအဟီး ရှင်းပြတာပါ
Deleteit's interesting. There is a similar story in Japan. It's content is slightly different.
ReplyDelete💪✅
ReplyDeleteall done. website 3 times finshed.
ReplyDeleteDone ❣
ReplyDeleteကန့်ခုနှစ်ဆင့်သွားတော့ ကားနှင့်တောင် နွားတွေကျောင်းခဲ့ရသေးတယ်။
ReplyDeleteပုတ်တလုပ်ကန်
Delete🤓
Done✍🏻
Deleteပုံပြင်လေးတွေက စိတ်၀င်စားဖို့ကောင်းတယ်
ReplyDeleteဒီမောဆိုကို ရောက်ဖူးချင်နေတာ
ReplyDelete👍👍👍
ReplyDelete👍👍✌️
ReplyDeleteDone Done Done. Web ကို ပြေးလိုက်ဦးမယ်
ReplyDeleteDone 👍✅
ReplyDeleteDone
ReplyDeleteDone
ReplyDeleteကိုယ်တွေသွားတုန်းက အမည်းရောင်နယ်မြေဆိုတော့ ကန်ခုနစ်ဆင့် မသွားခဲ့ရဘူး၊ ငွေတောင်ဆည် ရယ် ထီးပွင့်ကန်ရယ်ပဲ သွားခဲ့ရတယ်။
ReplyDelete😍😍
ReplyDeleteDone
ReplyDelete